WHO WE ARE








LATEST NEWS & EVENTS
FREQUENTLY ASKED QUESTIONS





မီးအာမခံကြေးကို ဘယ်လိုတွက်ချက်ပါသလဲ။




မီးအာမခံအတွက် အာမခံကြေးကို အဆောက်အဦအမျိုးအစား၊ အသုံးပြုပုံနှင့် ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး တွက်ချက်ရပါတယ်။ မီးအာမခံကြေးကတော့ တစ်နှစ်စာအတွက် အဆောက်အဦတန်ဖိုး၏ အနည်းဆုံး (၀.၂၀%) မှ စတင်ကျသင့်မှာဖြစ်ပါတယ်။





မော်တော်ယာဉ်အာမခံကြေးကို ဘယ်လိုတွက်ချက်ပါသလဲ။




မော်တော်ယာဉ်အာမခံထားရှိလိုပါက ခန့်မှန်းကားတန်ဖိုး၊ အင်ဂျင်ပါဝါ၊ အသုံးပြုပုံ၊ ဝယ်ယူလိုသည့် အပိုအကာအကွယ်ပေါ်တွင် မူတည်ပြီး အာမခံကြေးတွက်ချက်ပါတယ်။ အိမ်စီးကားဆို ယာဉ်တန်ဖိုးရဲ့ (၁%)၊ လုပ်ငန်းသုံးကားဆို ယာဉ်တန်ဖိုးရဲ့ (၁.၅%) လောက် တစ်နှစ်စာ ခန့်မှန်းကျသင့်မှာဖြစ်ပါတယ်။





ခရီးသွားအာမခံကို မည်သို့သောသူများ အာမခံထားရှိနိုင်သလဲ။




ပြည်တွင်း/ ပြည်ပခရီးစဉ်ကို လေယာဉ်၊ သင်္ဘော၊ ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) စီးလုံးငှားယာဉ်နှင့် အများပြည်သူသုံး ယာဉ်လိုင်းများအသုံးပြု၍ ခရီးသွားသူများမှ အာမခံထားရှိနိုင်မှာဖြစ်ပါတယ်။





ငွေသားလုံခြုံမှုအာမခံသက်တမ်းကို ပြောပြပေးပါ။




ငွေသားလုံခြုံမှုအာမခံတွင် အနည်းဆုံး (၁) ရက်မှ အများဆုံး (၁) နှစ်အထိ အာမခံသက်တမ်းထားရှိနိုင်မှာဖြစ်ပါတယ်။