ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံ
Land Marine Cargo Insurance Policy
စည်းကမ်းချက်များ
၁။ | အကြုံးဝင်လိုင်စင်ရှိသော ယာဉ်မောင်းများ မောင်းနှင်သည့် ယာဉ်များဖြင့် သယ်ဆောင်ရမည်။ |
၂။ | လိုင်စင်ရှိသော/ လိုင်စင်သက်တမ်း အကြုံးဝင်သော ယာဉ်များဖြင့် သယ်ဆောင်ရမည်။ |
၃။ | ပရီမီယံနှင့်အတူ တံဆိပ်ခေါင်းဖိုးကိုပါ တစ်ပါတည်း ပေးဆောင်ရမည်။ |
၄။ | ပေးသွင်းပြီး ပရီမီယံကို ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။ |
၅။ | အဆိုလွှာတွင် ဖော်ပြချက်များ မမှန်ပါက FNI တွင် တာဝန်မရှိပါ။ |
၆။ | ပြင်ဆင်ချက်တစ်စုံတစ်ရာ ရှိပါက အဆိုလွှာတွင် ဖော်ပြခဲ့သော အာမခံသက်တမ်းအစမီ FNI သို့ ကြိုတင် အကြောင်းကြားရမည်။ |
၇။ | ခရီးစတင်ထွက်ခွာသည့် အချိန်မှ ခရီးဆုံးသို့ ဆိုက်ရောက်သည့် အချိန်အတွင်း ဖြစ်ပွားပေါ်ပေါက်သော ဆုံးရှုံးမှုများအတွက်သာ လျော်ကြေးအကြုံးဝင်သည်။ |
၈။ | ကုန်ပစ္စည်းသယ်ဆောင်သည့် ယာဉ်သည် ခရီးစဉ်အတွင်းပိုင်ရှင်က တမင်ရည်ရွယ်ချက်ကြောင့် ပြုလုပ်ခြင်းမဟုတ်ဘဲ မတော်တဆ မီးလောင်ခြင်းကြောင့်လည်းကောင်း၊ စက်တပ်ယာဉ်ထိခိုက်မှုကြောင့်လည်းကောင်း၊ စက်ချို့ယွင်းမှုကြောင့်လည်းကောင်း၊ တစ်စုံတစ်ရာ နှင့် တိုက်မိခြင်းကြောင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ တိုက်ရိုက်ပေါ်ပေါက်သော ထိခိုက်ပျက်စီးမှုများကြောင့် အာမခံထားသော ကုန်ပစ္စည်းများ လုံးဝပျက်စီးဆုံးရှုံးမှသာ လျော်ကြေးအကြုံးဝင်ပါသည်။ |
၉။ | ဆုံးရှုံးမှုပေါ်ပေါက်ပါက FNI သို့ဖြစ်စေ၊ နီးစပ်ရာ FNI ရုံးခွဲများသို့ဖြစ်စေ ချက်ချင်းဆက်သွယ် အကြောင်းကြားရမည်။ FNI မှ တာဝန်ရှိသူများမှ ဆုံးရှုံးမှုအား မျက်မြင်စစ်ဆေးမည် ဖြစ်ပါသည်။ (ဖုန်း- ၀၁-၈၆၁၀၆၆၁~၅) |
၁၀။ | ဆုံးရှုံးမှုဖြစ်ပွားလျှင် ပစ္စည်းပိုင်ရှင်သည် အာမခံထားသော ပစ္စည်းများကို ဆုံးရှုံးမှုနည်းပါးသက်သာစေရန် ဘေးလွတ်ရာသို့ ဆယ်တင်/ သယ်ယူရန် လိုအပ်ပါသည်။ ဆယ်တင် / သယ်ယူစရိတ်ကို ကုန်ပစ္စည်းပိုင်ရှင်မှ တောင်းခံခွင့်ရှိသည်။ |
၁၁။ | ခရီးစဉ်အတွင်း အကြောင်းကြောင်းကြောင့် ယာဉ်ပြောင်းလဲတင်ဆောင်ခြင်းကို ခွင့်ပြုသည်။ FNI သို့ ဖုန်း၊ ဖက်စ်၊ စာဖြင့် ချက်ချင်း အကြောင်းကြားရမည်။ |
၁၂။ | ပရီမီယံကို ပိုင်ရှင် ကိုယ်တိုင် (သို့မဟုတ်) ပိုင်ရှင်၏ တရားဝင်ကိုယ်စားလှယ်က ပေးသွင်းရန်။ |
ရေကြောင်းကုန်ပစ္စည်းအာမခံလျော်ကြေးပေါ်ပေါက်လာပါကဆောင်ရွက်ရမည့်အချက်များ
၁။ | လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။ | ||
သတင်းပို့ရန် ဖုန်းနံပါတ် | Claim Hot Line – 09 940777888 | ||
၂။ | ရေကြောင်းကုန်ပစ္စည်းအာမခံလျော်ကြေးတောင်းခံလွှာနှင့်အတူအောက်ပါအထောက်အထားများပူးတွဲတင်ပြရန်။
|
ရေကြောင်းကုန်ပစ္စည်းအာမခံလျော်ကြေးပေါ်ပေါက်လာပါကဆောင်ရွက်ရမည့်အချက်များ
(၁) | လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။ သတင်းပို့ရန် ဖုန်းနံပါတ် – Claim Hot Line – 09 940777888 |
(၃) | ရေကြောင်းကုန်ပစ္စည်းအာမခံလျော်ကြေးတောင်းခံလွှာနှင့်အတူအောက်ပါအထောက်အထားများပူးတွဲတင်ပြရန်။ (က) Policy စာချုပ်မူရင်း ( ခ) ပြင်ဆင်ချက်(ရှိပါက) (ဂ) ရေယာဉ်လိုင်စင် ၊ တွဲလိုင်စင် (ဃ) ရေယာဉ်အုပ် (သို့) ဆလင်၏ကျမ်းကျိန်ဆိုချက် (င ) မျှောစာ (သို့) ကုန်ပို့လွှာ (စ ) သက်ဆိုင်ရာဒေသဆိုင်ရာအာဏာပိုင်ထောက်ခံချက် (ဆ) သက်ဆိုင်ရာမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၏ထောက်ခံချက် (ဇ ) ရေယာဉ်အုပ်လိုင်စင်၊ စက်ခန်းအုပ်လိုင်စင်း (ဈ ) ရေယာဉ်နစ်မြုပ်မှုမှတ်တမ်းဓါတ်ပုံ (ည ) စက်ခန်းအုပ်အပါအဝင် ရေယာဉ်လုပ်သားများ၏တွက်ဆိုချက်များ (ဋ ) သယ်ယူကုန်ကျစရိတ်တောင်းခံလွှာ( Sue and Labour Charges ) (ဌ ) ရေယာဉ်ထွက်ခွာခွင့်ပြုလက်မှတ် (ဍ ) ပျက်စီးဆုံးရှုံးသည့် ပစ္စည်းစာရင်းနှင့်တန်ဘိုးစာရင်း (ဎ ) ပျက်စီးပစ္စည်းများအား ပြန်လည်ရောင်းချရငွေစာရင်း |
Land Marine Cargo Insurance Proposal
စည်းကမ်းချက်များ
၁။ | အကြုံးဝင်လိုင်စင်ရှိသော ယာဉ်မောင်းများ မောင်းနှင်သည့် ယာဉ်များဖြင့် သယ်ဆောင်ရမည်။ |
၂။ | လိုင်စင်ရှိသော/ လိုင်စင်သက်တမ်း အကြုံးဝင်သော ယာဉ်များဖြင့် သယ်ဆောင်ရမည်။ |
၃။ | ပရီမီယံနှင့်အတူ တံဆိပ်ခေါင်းဖိုးကိုပါ တစ်ပါတည်း ပေးဆောင်ရမည်။ |
၄။ | ပေးသွင်းပြီး ပရီမီယံကို ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။ |
၅။ | အဆိုလွှာတွင် ဖော်ပြချက်များ မမှန်ပါက FNI တွင် တာဝန်မရှိပါ။ |
၆။ | ပြင်ဆင်ချက်တစ်စုံတစ်ရာ ရှိပါက အဆိုလွှာတွင် ဖော်ပြခဲ့သော အာမခံသက်တမ်းအစမီ FNI သို့ ကြိုတင် အကြောင်းကြားရမည်။ |
၇။ | ခရီးစတင်ထွက်ခွာသည့် အချိန်မှ ခရီးဆုံးသို့ ဆိုက်ရောက်သည့် အချိန်အတွင်း ဖြစ်ပွားပေါ်ပေါက်သော ဆုံးရှုံးမှုများအတွက်သာ လျော်ကြေးအကြုံးဝင်သည်။ |
၈။ | ကုန်ပစ္စည်းသယ်ဆောင်သည့် ယာဉ်သည် ခရီးစဉ်အတွင်းပိုင်ရှင်က တမင်ရည်ရွယ်ချက်ကြောင့် ပြုလုပ်ခြင်းမဟုတ်ဘဲ မတော်တဆ မီးလောင်ခြင်းကြောင့်လည်းကောင်း၊ စက်တပ်ယာဉ်ထိခိုက်မှုကြောင့်လည်းကောင်း၊ စက်ချို့ယွင်းမှုကြောင့်လည်းကောင်း၊ တစ်စုံတစ်ရာ နှင့် တိုက်မိခြင်းကြောင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ တိုက်ရိုက်ပေါ်ပေါက်သော ထိခိုက်ပျက်စီးမှုများကြောင့် အာမခံထားသော ကုန်ပစ္စည်းများ လုံးဝပျက်စီးဆုံးရှုံးမှသာ လျော်ကြေးအကြုံးဝင်ပါသည်။ |
၉။ | ဆုံးရှုံးမှုပေါ်ပေါက်ပါက FNI သို့ဖြစ်စေ၊ နီးစပ်ရာ FNI ရုံးခွဲများသို့ဖြစ်စေ ချက်ချင်းဆက်သွယ် အကြောင်းကြားရမည်။ FNI မှ တာဝန်ရှိသူများမှ ဆုံးရှုံးမှုအား မျက်မြင်စစ်ဆေးမည် ဖြစ်ပါသည်။ (ဖုန်း- ၀၁-၈၆၁၀၆၆၁~၅) |
၁၀။ | ဆုံးရှုံးမှုဖြစ်ပွားလျှင် ပစ္စည်းပိုင်ရှင်သည် အာမခံထားသော ပစ္စည်းများကို ဆုံးရှုံးမှုနည်းပါးသက်သာစေရန် ဘေးလွတ်ရာသို့ ဆယ်တင်/ သယ်ယူရန် လိုအပ်ပါသည်။ ဆယ်တင် / သယ်ယူစရိတ်ကို ကုန်ပစ္စည်းပိုင်ရှင်မှ တောင်းခံခွင့်ရှိသည်။ |
၁၁။ | ခရီးစဉ်အတွင်း အကြောင်းကြောင်းကြောင့် ယာဉ်ပြောင်းလဲတင်ဆောင်ခြင်းကို ခွင့်ပြုသည်။ FNI သို့ ဖုန်း၊ ဖက်စ်၊ စာဖြင့် ချက်ချင်း အကြောင်းကြားရမည်။ |
၁၂။ | ပရီမီယံကို ပိုင်ရှင် ကိုယ်တိုင် (သို့မဟုတ်) ပိုင်ရှင်၏ တရားဝင်ကိုယ်စားလှယ်က ပေးသွင်းရန်။ |
Frequently Asked Questions
coming soon!