Call Center:01-9010900
24 Hours Claim Hotline:09-940777888
Call Center:01-9010900 24 Hours Claim Hotline: 09-940777888၂၀၂၃ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလအတွက် FNI (General) ၏ Team of the Month၊ Manager of the Month နှင့် Employee of the Month ဆုရရှိခဲ့သူများကို ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ FNI (General) ရုံးချုပ်တွင် Group CEO မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေတို့ကို ပေးအပ်ခဲ့ရာ Team of the Month for September အတွက် Motor Unit (New Business & Underwriting Department)၊ Employee of the Month for September အတွက် ဒေါ်ကြူကြူဇော် (Sr. Assistant – CEO Office)၊ Manager of the Month for October အတွက် ဒေါ်ဝေပြည့်အောင် (Regional Officer – Pathein Branch) နှင့် Employee of the Month for October အတွက် ဒေါ်သွယ်ဇာဦး (Underwriting Coordinator – New Business & Underwriting Department ) တို့က လက်ခံရယူခဲ့ပါသည်။
FNI (General) အနေဖြင့် Customer များအတွက် အာမခံဝန်ဆောင်မှုများကို စိတ်ကျေနပ်အေးချမ်းမှုရရှိစေရန် အလေးထားဆောင်ရွက်နေခြင်းသည်အရေးကြီးသလို FNI (General) ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားရေး၊ စွမ်းဆောင်ရည်ထူးချွန်သည့်ဝန်ထမ်းများကို ဖော်ထုတ်၍ လစဉ်ချီးမြှင့်ရေးနှင့် လုပ်ငန်းခွင်အတွင်း စိတ်ပျော်ရွှင်မှုရရှိရေးတို့ကို အစဉ်တစိုက် ဦးစားပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလအတွက် အကောင်းဆုံး အသင်းအဖွဲ့ထူးချွန်ဆု၊ စွမ်းဆောင်ရည်အထူးချွန်ဆုံးမန်နေဂျာနှင့် စွမ်းဆောင်ရည်အထူးချွန်ဆုံးဝန်ထမ်းတို့ကို ရွေးချယ်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါစွမ်းဆောင်ရည်ဆုများကို လစဉ်ရွေးချယ်ပေးအပ်သွားမည်ဖြစ်ပါသည်။
သောကကင်းဝေး စိတ်အေးစေနိုင် FNI
Copyright © 2024, First National Insurance.
Powered By Aceplus Solutions Co., Ltd.