Call Center:01-9010900
24 Hours Claim Hotline:09-940777888
Call Center:01-9010900 24 Hours Claim Hotline: 09-940777888၂၀၂၃ ခုနှစ်၊ ဇူလိုင်နှင့် ဩဂုတ်လအတွက် FNI (General) ၏ Manager of the Month နှင့် Employee of the Month ဆုရရှိခဲ့သူများကို ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ FNI (General) ရုံးချုပ်တွင် Group CEO မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေတို့ကို ပေးအပ်ခဲ့ရာ Employee of the Month for July အတွက် ဒေါ်အိမွန်မောင် (Sr.Accountant – Finance & Accounts Department) ၊ Manager of the Month for August အတွက် ဒေါ်ဖြူစင်သူ (Assistant Audit Manager – Internal Audit & Inspection Team) နှင့် Employee of the Month for August အတွက် ဦးအောင်ခိုင်ဖြိုး (Claims Coordinator – Claims Department ) တို့က လက်ခံရယူခဲ့ပါသည်။
FNI (General) အနေဖြင့် Customer များအတွက် အာမခံဝန်ဆောင်မှုများကို စိတ်ကျေနပ်အေးချမ်းမှုရရှိစေရန် အလေးထားဆောင်ရွက်နေခြင်းသည်အရေးကြီးသလို FNI (General) ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားရေး၊ စွမ်းဆောင်ရည်ထူးချွန်သည့်ဝန်ထမ်းများကို ဖော်ထုတ်၍ လစဉ်ချီးမြှင့်ရေးနှင့် လုပ်ငန်းခွင်အတွင်း စိတ်ပျော်ရွှင်မှုရရှိရေးတို့ကို အစဉ်တစိုက် ဦးစားပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်နှင့် ဩဂုတ်လအတွက် စွမ်းဆောင်ရည်အထူးချွန်ဆုံးမန်နေဂျာနှင့် စွမ်းဆောင်ရည်အထူးချွန်ဆုံးဝန်ထမ်းတို့ကို ရွေးချယ်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါစွမ်းဆောင်ရည်ဆုများကို လစဉ်ရွေးချယ်ပေးအပ်သွားမည်ဖြစ်ပါသည်။
သောကကင်းဝေး စိတ်အေးစေနိုင် FNI
Copyright © 2024, First National Insurance.
Powered By Aceplus Solutions Co., Ltd.